Wednesday, June 4, 2014

♪ မိုဘိုင်းဖုန်းများမှာ အင်တာနက် ကွန်နက်ရှင်ကို မြှင့်တင်ဖို့ DNS Server ပြောင်းနည်းများ ♫

Photo: မိုဘိုင်းဖုန်းများမှာ အင်တာနက် ကွန်နက်ရှင်ကို မြှင့်တင်ဖို့ DNS Server ပြောင်းနည်းများ
=================================================

Domain Name Server (or) DNS ဆိုတာ လူတွေ မှတ်ရလွယ်တဲ့ Web Address (eg. www.google.com) ကို ကွန်ပြူတာတွေ နားလည်တဲ့ IP Address များ အဖြစ်ပြောင်းလဲ ပေးတာပါ။ ဥပမာ သင်က facebook.com လို့ ရိုက်လိုက်တယ်ဆိုပါစို့ ။ DNS Server က IP Address အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ အဲဒီအခါကျမှ သင်က facebookကို အသုံးပြုလို့ ရတာပါ။ သင် ၀က်ဆိုက်တစ်ခု ဖွင့်တိုင်း DNS Server က ကြားထဲကနေ အလုပ် လုပ်ပေးနေတာပါ။ အဲဒီအတွက် အင်တာနက် အမြန်နှုန်းက DNS server ပေါ်မှာလည်း မူတည်ပါတယ်။ လူအများစုက Internet Service Provider(ISP) တွေရဲ့ DNS ကို သုံးကြပါတယ်။ သင့် အင်တာနက် Speed ပိုမိုကောင်းမွန်အောင်လို့ သင့် ISP ရဲ့ DNS ကို မသုံးဘဲ တစ်ခြား DNS(google dns,open dns etc:)တွေကို ပြောင်းလဲသုံးနိုင်ပါတယ်။ 

အချို့ DNS Service များက နိုင်ငံကန့်သတ်ချက်များကိုလည်း ကျော်လွှားပေးနိုင်ပါတယ်။ ဥပမာအားဖြင့် DNS Server ပြောင်းခြင်းဖြင့် အမေရိကန် မှာသာ ကြည့်နိုင်တဲ့ Netflix , Hulu တို့ကို အခြားနိုင်ငံများမှာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ 

ဒီဆောင်းပါးမှာ Google DNS နဲ့ Open DNS တို့ကို အသုံးပြုမှာ ဖြစ်ပါတယ်။ 
Google DNS
DNS 1 – 8.8.8.8
DNS 2 – 8.8.4.4

OpenDNS
DNS 1 – 208.67.222.222
DNS 2 – 208.67.220.220

Router မှာ DNS Server ပြောင်းထားရင်တော့ မိုဘိုင်းဖုန်းများမှာ အဲဒီ DNS Server ကို အသုံးပြုမှာ ဖြစ်တဲ့အတွက် ထပ်မံပြောင်းလဲစရာ မလိုတော့ပါဘူး။ Router မှာ DNS Server မပြောင်းထားရင် ဒါမှမဟုတ် အခြား Public WiFi များကို အသုံးပြုရင် မိုဘိုင်းဖုန်းများမှာ DNS Server ပြောင်းပေးရမှာ ဖြစ်ပါတယ်။

iPhone 
---------
Apple ရဲ့ iOS မှာ WiFi Network တစ်ခုချင်းစီအတွက် DNS Server ကို သီးခြားပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ WiFi Network အားလုံးအတွက် DNS Server ကို တစ်ချက်ထဲနဲ့ ပြောင်းလို့ မရပါဘူး။ WiFi ချိတ်ဆက်မိတဲ့အခါမှာ အင်တာနက် မြန်နှုန်းမြှင့်ဖို့ပဲ ဖြစ်ဖြစ် နိုင်ငံကန့်သတ်ချက်များကို ကျော်လွှားချင်လို့ပဲဖြစ်ဖြစ် DNS Server ကို ပြောင်းလဲပေးရမှာပါ။ 
ဒီလိုပြောင်းဖို့အတွက် Settings ထဲသွားပြီး WiFi ကိုနှိပ်ပါ။ ချိတ်ဆက်မိနေတဲ့ WiFi Network ရဲ့ ညာဘက်ဘေးမှ Info Icon ကိုနှိပ်ပါ။ DNS ကိုနှိပ်ပြီး DNS Server 1 နဲ့ 2 ကြားမှာ Comma ခံပြီး ရိုက်ပေးပါ။ 
 
Android
-----------
Android မှာလည်း iOS လိုပဲ WiFi Network တစ်ခုချင်းစီအတွက် DNS Server ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ သင့် Android Device ဟာ Root လုပ်ထားရင်တော့ Set DNS App ကို သုံးပြီး WiFi Network အားလုံးအတွက် DNS Server ကို သတ်မှတ်ထားနိုင်ပါတယ်။ 
Android Device ကို Root လုပ်ထားခြင်းမရှိသူများက Network တစ်ခုချင်းစီအတွက် DNS Server ပြောင်းလဲဖို့အတွက် Settings ထဲသွားပြီး WiFi ကိုနှိပ်ပါ။ ချိတ်ဆက်မိနေတဲ့ Network ကို ဖိထားပြီး Modify Network ကိုနှိပ်ပါ။ “Show advanced options” ဆိုတဲ့ Check Box မှာ အမှန်ခြစ်ပေးပါ။ IP Settings မှာ Static ကို ရွေးပေးပါ။ DNS 1, DNS 2 မှာ Google DNS သို့မဟုတ် Open DNS ကို ရိုက်ထည့်ပေးပါ။ 
 
Windows Phone
---------------------
Windows Phone 8 မှာ DNS Server ပြောင်းလဲလို့ မရပါဘူး။ Windows Phone မှာ DNS Server ပြောင်းချင်ရင် Router မှာ ပြောင်းလဲပေးရမှာပါ။ 
Microsoft က နိုင်ငံကန့်သတ်ချက်များကို ကျော်လွှားနိုင်တဲ့ Virtual Private Network (VPN) များကို အသုံးပြုလို့ရတဲ့ စွမ်းဆောင်ချက်ကိုလည်း Windows Phone မှာ ထည့်သွင်းပေးထားခြင်းမရှိပါဘူး။ 

BlackBerry 10
------------------
BlackBerry 10 မှာ WiFi Network များအတွက် DNS Server များပြောင်းလဲနိုင်ပါတယ်။ System Settings >Network and Connections>WiFi ထဲသွားပါ။ Auto Obtain IP ကို Off လုပ်ပေးပါ။ Primary DNS မှာ DNS 1 ထည့်ပေးပါ။ Secondary DNS မှာ DNS 2 ထည့်ပေးပါ။ 

Firefox OS
--------------
စာရေးသူဟာ Firefox OS Phone ကို လက်လှမ်းမမီသေးတဲ့အတွက် အဲဒီဖုန်းများမှာ DNS Server ပြောင်းနိုင်မလားဆိုတာ မသေချာသေးပါဘူး။ Mozilla က ပြုလုပ်ပေးထားတဲ့ Firefox OS Simulator မှာလည်း WiFi Settings ကို စမ်းသပ်ခွင့် မပေးထားပါဘူး။ နောက်ပြီး Mozilla က ထုတ်ပြန်ထားတဲ့ Firefox OS Settings ထဲမှာလည်း DNS Server ကို ပြောင်းနိုင်တဲ့ Options ကို မတွေ့ရပါဘူး။ အဲဒီအတွက် Firefox OS Phone များကလည်း ၀င်းဒိုးဖုန်းများလိုပဲ DNS Server ပြောင်းလဲလို့မရပါဘူး။ 
ဒါ့အပြင် Firefox OS Phone များမှာ VPN များအသုံးပြုလို့မရသေးပါဘူး။ 
 
မိုဘိုင်းဖုန်းများမှာ အင်တာနက် ကွန်နက်ရှင် နှေးကွေးနေလို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံကန့်သတ်ချက်များကို ကျော်လွှားနိုင်ဖို့ပဲဖြစ်ဖြစ် အပေါ်ကနည်းများကို အသုံးပြုပြီး DNS Server များ ပြောင်းလဲနိုင်ပါတယ်။ 

သူရ

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 
Rate this posting:
 (rating: 0 | 0 votes | 472 views)

No comments:

Post a Comment